ဒေါ်အောင်ဆန်းစုကြည် လိုတယ်

မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်လို့၊ သိမ်းကြုံးပြီး မပြောချင်ပါ။ ပြောချင်တဲ့သူတွေ ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော့် အနေနဲ့ကတော့၊ ဗမာ့လူ့အဖွဲ့အစည်းအတွက် ဒေါ်အောင်ဆန်းစုကြည် လိုတယ်။ ဗမာပြည်မအတွက် ဒေါ်အောင်ဆန်းစုကြည် လိုပါတယ်။ တိုင်းရင်းသားနယ်တွေ (တနည်း) တောင်တန်းနယ်တွေဟာ သူ့နည်းသူ့ဟန်နဲ့ သူ့သဘော သူဆောင်ပြီး တိုင်းရင်းသားလွတ်မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့တဲ့ အတိတ်ဖြတ်သန်းမှု ရှိပါတယ်။ ယခု နွေဦးတော်လှန်ရေးအတွင်းမှာ၊ တိုင်းရင်းသားလွတ်မြောက်ရေး...

မြန်မာ့အရေး ၂၀၂၄

မြန်မာပြည်အရေးက နိုင်ငံတကာမှာ နောက်ဆုတ်သွားပြီ။ တကယ်တော့ အဲဒါက ကြာတော့ ကြာပါပြီ။ ဒါပေမယ့် အခုမှ ပိုပြီး သိသိသာသာ ဖြစ်လာတယ်လို့ ပြောနိုင်တယ်။ မြန်မာပြည်အရေးက ဒေသတွင်းနိုင်ငံတွေအတွက် ပိုပြီး အရေးကြီးလာတယ်။ ဒီတော့ နိုင်ငံတကာ-မျက်နှာစာကနေ ဒေသ-မျက်နှာစာအဖြစ်ကို ပြောင်းသွားတာကို ထင်ထင်ရှားရှားတွေ့ရတယ်။ ဒီတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အရေးပါမှု အရာဝင်မှုက ပိုပြီး ကြီးထွားလာတယ်။ မြန်မာပြည်၊...

ရက္ခိုင့်နိုင်ငံရေးပြတ်ရွေ့ 

[Political Faultline of Arakan] ဝေါဟာရ အနက်ဖွင့် နိုင်ငံရေးပြတ်ရွေ့ဆိုတဲ့ ဝေါဟာရကို အရင်ဦးဆုံး ရှင်းလင်းခန်းထုတ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ နိုင်ငံရေးပြတ်ရွေ့ဆိုတာ ဘာလဲ။ အင်္ဂလိပ်လိုတော့ [Political Faultline] ဆိုတဲ့ စကားလုံးကို ရည်ညွှန်းပါတယ်။ [Faultline] ဆိုတာဟာ ပထဝီနဲ့ ဘူမိဗေဒကနေ လာတဲ့ စကားလုံးပါ။ မကြင်ဌေးရဲ့ လူမှုပထဝီဝင်အဘိဓာန်မှာ Political Faultline...

မြန်မာစစ်တပ်ထဲက ပညာသည်တပ်တွေရဲ့ အကျပ်အတည်း

မြန်မာ့တပ်မတော်ထဲက “ပညာသည်တပ်” များ၏ အကျပ်အတည်းလို့ ပြောရမယ် ထင်တယ်။ ၁။ ဒီနေရာမှာ “အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဆေးဗိုလ်ကြီး အောင်ဖြိုးသိန်း အိမ်ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခံရ” ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ပြောချင်တာဖြစ်ပါတယ်။ သတင်းအပြည့်အစုံက အခုလို ဖြစ်ပါတယ်။ • မုံရွာမြို့ရှိ နေအိမ်သို့ပြန်လာသော မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်းအား စက်တင်ဘာလ (၄) ရက်နေ့၊ မနက်...

ရက္ခိုင်အမျိုးသားရေး နယူကလိယက်စ် (သို့မဟုတ်) အမျိုးသားရေးဆဲလ်များ ပြန့်နှံ့ခိုင်မာစေခြင်း

• အမြုတေ ကိုယ်ခံအားကောင်းအောင်တော့ ဖြည့်မှ ရမယ်။ အမြုတေ အားမကောင်းရင် ဆဲလ်တွေ အလုပ်သိပ်မလုပ်ဘူး။ 〓 အင်္ဂလိပ်လို စကားလုံး သုံးနှုန်းရရင် “Nucleus of Arakanese Nationalism” လို့ အနက်ပြန်ရမယ် ထင်ပါတယ်။ အဲသည့်နေရာမှာ နယူကလိယက်စ် [ nucleus ] ဆိုတာ အနက်ဆုံးအတွင်းပိုင်းက “အမြုတေ” ကို ပြောတာဖြစ်ပါတယ်။...

လက်နက်ကိုင်ပဋိပက္ခတွင်းက စာပေပြဿနာ

အခုတွေ့ရတဲ့ စာပေပြဿနာ။ အခုလူတွေကြားထဲမှာ ပြောပြောဆိုဆို ရှိနေတဲ့ ပြဿနာ တစ်ရပ်ရှိပါတယ်။ စာရေးဆရာတစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်အပေါ်မှာ မူတည်ပြီး၊ ဝေဖန် စောကြောကြတဲ့ကိစ္စပါ။ ဒီဆွေးနွေးချက်ဟာ စဉ်းစားဖွယ်ရာ ဖြစ်အောင် တင်ပြတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ကို အခြေမပြုပါ။ အကြောင်းအကျိုးသင့်လို့ စာပေနဲ့ တော်လှန်ရေးအကြား ထိပ်တိုက်တိုးမှု အကြောင်း ပြောချင်တာဖြစ်ပါတယ်။ ဒီနေရာမှာ စာပေနဲ့ တော်လှန်ရေးအကြား ထိပ်တိုက်တိုးမှုလို့ သုံးတယ်၊ ပဋိပက္ခလို့...

စာပေအနုပညာဖန်တီးရှင်နှင့်အတူ

တချို့က အဆင်းလှ တချို့က အဆင်းမလှ အမှတ်မရှိ ၊ လမ်းမရှိ ၊ ကီလီဗောတံတား အားလုံး ငြိမ်ပါ မီးစုံဖွင့်မယ် အိပ်နေရင် ည ၊ နိုးနေရင် နေ့ သောက်တော့ ဒူးယား နေတော့ ချုံကြား ဝတ်တော့ မလေးရှား ခေါင်းမော့လိုက်တော့မင်း ၊ ခေါင်းငုံ့လိုက်တော့ သူ ဗိုလ်ကေတစ်ထောင်မှာ တစ်ယောက်လောက်တော့ ဇွဲကောင်းပါရဲ့...

ဒီ/ချုပ် သရုပ်ခွဲ

လတ်တလော ဒီ/ချုပ်  သို့မဟုတ် ဒီ/ချုပ် သရုပ်ခွဲ ဆောင်းပါးအကျဉ်းချုပ်။။ ဤဆောင်းပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှု ဖြစ်ပြီး ၂ နှစ်ကျော် ၃ နှစ်အတွင်း ရောက်လာချိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တည်ဆဲ ဖြစ်တည်မှုကို ယေဘုယျရှုမြင်ထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဒီဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [ NLD ] ကို ဒီ/ချုပ် လို့ အတိုကောက် သုံးစွဲပါ့မယ်။...

လူ့အဖွဲ့အစည်း၏ အရှုံး 

ဒီဆောင်းပါးဟာ စစ်အာဏာသိမ်းမှု၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်တွေက ပေးတဲ့ ဘေးဒုက္ခတွေကို လူ့အဖွဲ့အစည်းက ဘယ်လို ခါးစည်းခံရသလဲဆိုတာကို ဝေဖန်စောကြောထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်တယ်။ ၁။ ဓနကို လေ့လာတဲ့ စီးပွားရေးဘာသာရပ်မှာ၊ အရှုံး - အမြတ် ဆိုတာကို ပြောတာ ရှိတယ်။ အရင်းအနှီးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာကို ပြောတာရှိတယ်။ ဒီသီအိုရီကို နိုင်ငံရေးမှာ သယ်လာပြီးတော့ အခု ကျနော်တို့ ကြုံတွေ့နေရတဲ့...